စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် အင်္ကြင်းတောင်ရွာရှိ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးတပ်က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက် (၄)နာရီခွဲတွင် ဝင်ရောက်စီးနင်းခဲ့ရာ ပျူစောထီး(၄)ဦးနှင့် စစ်ကောင်စီတပ်သား တစ်ဦးအားဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
၎င်းစခန်းအား Student's Revolutionary Force(S.R.F)က ဝင်ရောက်စီးနင်းရာ တိုက်ပွဲမှာ (၂)နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းတွင် ပျူစောထီး (၃)ဦးသေဆုံးပြီး (၅)ဦးအရှင်ဖမ်းမိခဲ့ကာ ပျူစောထီးအများအပြား ထွက်ပြေးသွားသည်ဟု သိရသည်။
တိုက်ပွဲအတွင်းမှ Carbine M-2သေနတ် (၁)လက်၊ ၄.၈ ပြောင်းချောသေနတ် (၂)လက်၊ က.ပ.စ ထုတ် ကြည်ထိုး (၁)လက်၊ တူမီး (၂)လက်၊ ၄.၈ ကျည် (၆၃)တောင့်၊ ၀.၃၀ ကျည် (၁၁၄)တောင့်နှင့်အတူ ဖုန်း (၃)လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု Student's Revolutionary Force(S.R.F)က ယနေ့ ဇွန်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo : Student's Revolutionary Force(S.R.F)
မင်းကင်းတွင် ပျူစောထီးစခန်းကိုဝင်စီးရာ (၅)ဦးအရှင်မိ
Featured News
ဧပြီ 1, 2025
ဧပြီ 1, 2025