စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျေးရွာများအတွင်း စစ်ကြောင်းထိုးတပ်စွဲကာ ဒေသခံတစ်ဦးကိုသတ်ဖြတ်ကာ တချို့ကိုဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မုံသွင်၊ ရွာနောင်မှ လှိုင်း၊ ချင်ပြစ်၊ ကြာစီ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ကြာစီကျေးရွာမှ အရပ်သား (၃) ဦးထက်မနည်းအား ဖမ်းဆီးထားပြီး ကြာစိရွာတွင် ညအိပ်တပ်စွဲနေကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၀)ရက်နေ့က ပုလဲမြို့ပေါ်မှ ပုလဲမြို့ အနာက်ဘက် မြကုန်း၊ ဇေတီယျုံ၊သေတ္တရာ၊ ကြောင်သန်းရွာများသို့ဝင်ရာက်ခဲ့ပြီး အရပ်သား(၇)ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ခေါ်ဆောင်သွားသောဓားစာခံများကို ဆင်ရှင်ကျေးရွာသို့အရောက် ပြန်လွှတ်ပေးခဲ့ပြီးနောက် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ကျေးရွာများကို ဝင်ရောက်ကာ ကျေးနင်းကြီးကျေးရွာနှင့် ဆင်ရှင်ကျေးရွာတို့တွင် ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ (၁၂)ရက်နေ့တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတို့သည် ပုလဲမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများသို့ ထပ်မံစစ်ကြာင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
၎င်းစစ်ကြောင်းသည် ပုလဲမြို့နယ် မြောက်ခြမ်းရှိ သတင်း၊ ကံကြီး၊ကြူခြံ၊ ဇီးရင်း၊ မုံသွင်၊ ရွာနောင်ကျေးရွာများကို ဝင်ရောက်မွှေနှောက်ကာ ကံကြီးကျေးရွာမှ အရပ်သားတစ်ဦးအား သတ်ဖြတ်ထားခဲ့ပြီး အရပ်သား(၃)ဦး ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency