စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သားနှစ်ဦး BNRA တပ်ဖွဲ့ထံ အလင်းဝင်

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးနှင့် စစ်မှုထမ်းတပ်သားနှစ်ဦး BNRA တပ်ဖွဲ့ထံ အလင်းဝင်

စစ်ကောင်စီ၏ စစ်ကိုင်းတပ်မ(၃၃)မှ ဒုတပ်ကြပ်တစ်ဦးနှင့် ပုလဲမြို့မှ တပ်သား (၂)ဦးတို့ လက်နက်အပြည့်အစုံဖြင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(B.N.R.A)ထံ အလင်းဝင်လာသည်ဟု သိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် စစ်ကိုင်းတပ်မ(၃၃)မှ ဒုတပ်ကြပ် လှမင်းသည် MA-1 တစ်လက်နှင့်အတူ အလင်းဝင်လာပြီး မတ်လ(၆)ရက်နေ့တွင် ပုလဲမြို့ခံတပ်မှ တပ်သား ဝေအောင်နှင့် တပ်သား မျိုးကျော်တို့သည် MA-1 တစ်လက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အလင်းဝင်လာသူ (၃)ဦးအနက် (၂)ဦးမှာ စစ်ကောင်စီတပ်က အတင်းအဓမ္မ စုဆောင်းခံရသူများဖြစ်ပြီး MA-1 သေနတ် (၂)လက်နှင့်အတူ ကျည်ဘောက်(၂)ခု၊ ကျည်(၄၉)တောင့်ပါလာသည်ဟု သိရသည်။ 

လက်နက်ဖြင့်အလင်းဝင်လာသူ တပ်သား (၂)ဦးကို BNRA က ငွေကျပ် သိန်း(၂၀)စီ ချီးမြှင့်ပြီး ၄င်းတို့ သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA