ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းရဲစခန်းနှင့် စစ်ကောင်စီတပ်များ အထိုင်ချထားသည့် နေရာများကို KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရိုးမက သတင်းထုတ်ပြန်လာသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က လေယာဉ်(၃)စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့ကို ဆက်သွယ်ထားသည့် မြစ်ကူးတံတားလည်း မိုင်းထိသွားကြောင်း သိရသည်။
လက်ရှိတွင် တိုက်ပွဲအခြေအနေငြိမ်သွားပြီး အဆိုပါစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက် (၇)လက်နှင့် ခဲယမ်းမျိုးစုံကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟု KNLA/PDF Kyaukkyiမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို အတည်ပြုပြောကြားသည်။
စစ်ကောင်စီတပ်က လေကြောင်းမှပါ တိုက်ခိုက်သည့် အဆိုပါတိုက်ပွဲကြောင့် ဒေသခံနေအိမ်(၅)လုံး ထိမှန်ပျက်စီးခဲ့ပြီး အရပ်သား (၁၅)ဦး ထိခိုက်ဒဏ်ရာရကာ ဒေသခံတစ်သောင်းကျော်မှာ တိုက်ပွဲရှောင်နေကြရကြောင်း သိရသည်။
#TachileikNewsAgency
ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းရဲစခန်းနှင့် စစ်ကောင်စီတပ်ဂိတ် များကို တိုက်ခိုက်ရာ လက်နက်ခဲယမ်းများရ
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024