ဝပါ၊ သပြေသာရွာတွင် အာဏာသိမ်းစစ်တပ်က မီးရှို့၍ နေအိမ် (၇)လုံးနှင့် စပါးတင်းပေါင်း (၁၃၀၀)ခန့် မီးလောင်ဆုံးရှုံး

ဝပါ၊ သပြေသာရွာတွင် အာဏာသိမ်းစစ်တပ်က မီးရှို့၍ နေအိမ် (၇)လုံးနှင့် စပါးတင်းပေါင်း (၁၃၀၀)ခန့် မီးလောင်ဆုံးရှုံး
ဇန်နဝါရီ 31, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝပါ၊ သပြေသာ ကျေးရွာအတွင်း ယမန်နေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲပြီး မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် (၇)လုံးနှင့် စပါးတင်း (၁၃၀၀)ခန့် မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် ရွာထဲဝင်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ ယနေ့အချိန်ထိ ကျေးရွာတွင်း ပြန်ဝင်ရန် စိတ်ချရသည့်အခြေအနေတွင် မရှိသေးကြောင်း သိရသည်။

ယင်းအပြင် ဒီပဲယင်းမြို့နယ်၊ ငဝဲတောကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်ကဝင်၍ မီးရှို့ထားခဲ့သဖြင့် နေအိမ် (၅)လုံး ဆုံးရှုံးရသည့်အပြင် စပါးများလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency