စစ်ကိုင်းတိုင်းအတွင်း သောက်သုံးရေ ရှားပါးသော ဒေသများတွင် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ရေတွင်းများ တူးဖော်ပေးနေ

Photo: S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့
Photo: S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့
စစ်ကိုင်းတိုင်းအတွင်း သောက်သုံးရေ ရှားပါးသော ဒေသများတွင် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ရေတွင်းများ တူးဖော်ပေးနေ
ဧပြီ 23, 2023 | အခြားဒေသများ

 စစ်ကိုင်းတိုင်း အတွင်းရှိ သောက်သုံးရေ ရှားပါးသော ဒေသများသို့ ရေတွင်းများ တူးဖော်ပေးခဲ့ကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ၂၀၂၃ခုနှစ် ဧပြီလ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့၏ မြေပြင်အဖွဲ့သားများသည် စစ်ကိုင်းတိုင်းအတွင်းရှိ သောက်သုံးရေ ခက်ခဲနေသော ပြည်သူ များ အဆင်ပြေစေရန် ရေတွင်းများ နေ့ည မနားတမ်း တူးဖော်ပေးလျက်ရှိသည်ဟု ဆိုသည်။

"ရေရှားပါးတဲ့ အရပ်ဒေသ မှာ ရေကြည်တပေါက် ရရှိဖိူ့ရာ အချိန် လူ ငွေ အင်အားများစွာ စိုက်ထုတ်နိုင်မှသာ ရေကြည်တပေါက် တွေ့မြင်ခွင့်ရတာပါ။ အခုဆိုရင် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ မြေပြင်အဖွဲ့သားများဟာ ပူပြင်းတဲ့အညာ အတွက် ခက်ခဲတဲ့ ရေဘေး ကိုလည်း ကူညီနိုင်ခဲ့ပါပြီ။"ဟု S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း အညာဒေသသည် ရေရှားပါးသော အရပ်ဖြစ်သည့် အားလျော်စွာ ရေရရှိရန် ပေ ၄၀၀ မှ ပေ ၅၀၀ အထိ တူးရပြီး ရေတွင်းတစ်ခု ရရှိရန် တူးချိန် (၇)ရက်မှ (၁၅)ရက်အတွင်း ကြာသည်ဟု သိရသည်။

အညာဒေသမှ ပြည်သူများ၏ အခက်အခဲများ အဆင်ပြေစေရန်အတွက်  S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့၏ အဖွဲ့သားများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးစား လုပ်ကိုင်ပေးနေလျက်ရှိကြောင်း သိရသည်။