ဒေါနစစ်ကြောင်းမှ ဦးစီးကျင်းပသည့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

ဒေါနစစ်ကြောင်းမှ ဦးစီးကျင်းပသည့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဒေသခွဲအမှတ် (၃)၊ ဒေါနစစ်ကြောင်းမှ ဦးစီးကျင်းပသည့် အခြေခံစစ်ပညာသင်တန်း(၂/၂၀၂၄)နှင့် မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သင်တန်းတွင် ဒေါနစစ်ကြောင်းမှ သင်တန်းသားများနှင့် ပူးပေါင်းမဟာမိတ်တပ်ရင်း၊ တပ်ဖွဲ့များမှ သင်တန်းသားများ ပါဝင်တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းဆင်းပွဲကို သြဂုတ်လ (၁၆)ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းသားများမှ စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခြင်း၊ ဝန်ကြီးဌာနမှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရ သင်တန်းသားများကို ဆုပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo:Daw Na Column-P29902