ထီးလင်းမြို့ကို အင်တာနက်ပြန် မဖွင့်ပေးပါက တာဝါတိုင်အားလုံးဖြိုချကာ လက်နက်ထုတ်လုပ်မည်

ထီးလင်းမြို့ကို အင်တာနက်ပြန် မဖွင့်ပေးပါက တာဝါတိုင်အားလုံးဖြိုချကာ လက်နက်ထုတ်လုပ်မည်

မကွေးတိုင်း၊ ထီးလင်းမြို့အား အင်တာနက်ပြန် မဖွင့်ပေးပါက တာဝါတိုင်အားလုံးဖြိုချကာ လက်နက်ထုတ်လုပ်မည်ဟု People Defence Force Htilin (Yaw Region)က ယနေ့မေလ(၁၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်‌ကောင်စီတပ်မှ နိုင်ငံ့ခေါင်းဆောင်များအား ဖမ်းဆီးကာ မတရား အာဏာသိမ်းခဲ့ချိန်မှစ၍ ထီးလင်းမြို့နယ်တွင် အင်တာနက်ကို အချိန်အကန့်အသတ်ဖြင့်သာပေးခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အင်တာနက်ဖြတ် တောက်ခံခဲ့ရကြောင်း သိရ သည်။

လက်ရှိတွင် အင်တာနက်လုံးဝ မရရှိသည်မှာ (၈) လ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထီးလင်းမြို့နယ်ဧရိယာ ၅၀ ရာခိုင်နှုန်းသာ ပုံမှန်ဖုန်းလိုင်းရရှိပြီး စစ်ကြောင်းများထိုးသည့်အချိန်တိုင်း ထိုဖုန်းလိုင်းများကို ဖြတ်တောက်ပစ်သဖြင့် ပြည်သူအများ သတင်းအချက်လက်များ မရရှိဘဲ အခက်အခဲကြုံ တွေ့ခဲ့ကြရသည်ဟု သိရသည်။

ထို့ကြောင့် ယနေ့မေလ(၁၂)ရက်မှ စတင်ကာ တစ်လအတွင်း အကောင်အထည် ဖော်ရန်နှင့် တစ်လပြည့်ချိန်အထိ အင်တာနက်လိုင်း နှင့် ဖုန်းလိုင်းများ ပြန်လည်မရရှိပါက ထီးလင်းမြို့နယ်တွင်းရှိ ဆက်သွယ် ရေးတာဝါတိုင်များအားလုံးကို တစ်စစီဖြိုချကာ  တော်လှန်ရေးအတွက် အသုံးချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။