ဧပြီလ၏ တတိယပတ်အတွင်း  ကရင်နီပြည်နယ်တွင်  တိုက်ပွဲများအကြား သေဆုံး အထိနာသည့် စစ်ကောင်စီတပ်က (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပစ်သတ်၊ ကရင်နီပူးပေါင်းအဖွဲ့ထံ ခိုလှုံလာသူများ ရှိ

သိမ်းဆည်းရမိ စစ်ကောင်စီတပ်၏ ပစ္စည်းများ
သိမ်းဆည်းရမိ စစ်ကောင်စီတပ်၏ ပစ္စည်းများ
 ဧပြီလ၏ တတိယပတ်အတွင်း  ကရင်နီပြည်နယ်တွင်  တိုက်ပွဲများအကြား သေဆုံး အထိနာသည့် စစ်ကောင်စီတပ်က (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပစ်သတ်၊ ကရင်နီပူးပေါင်းအဖွဲ့ထံ ခိုလှုံလာသူများ ရှိ
ဧပြီ 24, 2022 | အခြားဒေသများ

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ဧပြီလ(၁၆)ရက်က (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပစ်သတ်ခဲ့ကြကြောင်း KNDF ၏ ဧပြီလ(၂၃)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိသည်။ 

ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကာင်စီတပ်များနှင့် ကရင်နီ ပူးပါင်းတပ်တို ဧပြီလ (၁၆) ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ဖရိုဖရဲဖြစ်ကာ စစ်ကြောင်းကို စွန့်ခွာထွက်ပြေးပြီး တပ်သားအချို့ကရင်နီပူး‌ပေါင်းတပ်ထံ ခိုလှုံလာခဲ့ကြကြောင်း သိရသည်။

ဧပြီလ တတိယအပတ် တိုက်ပွဲနှင့် ပြောက်ကြား တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၆) ဦး သေပြီး အများအပြားဒဏ်ရာရရှိကာ KNDF မှ ရဲဘော်(၂)ဦး ကျဆုံးခဲ့ရသည်။

ဧပြီလ တတိယအပတ်တွင် မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်၊ ဝါရီကောခူကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီး၊ ဥခူရီကျေးရွာ၊ ဖရူဆိုနှင့်ဘောလခဲနယ်စပ်ရှိ ထားလဲနှင့် နန်းဖဲစသည့် ‌ဒေသတို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကရင်နီ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ဒီး‌မော့ဆိုမြို့နယ်၊ နောင်ပုလဲနှင့် ဥခူရီနှင့် ‌ဒေါကမီးမှ စစ်ကောင်စီတပ်များ ဆုတ်ခွာလျက်ရှိပြီး လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့အတွင်း  နေအိမ်(၁၄)လုံးအား မီးရှို့ဖျက်စီးခဲ့ကာ လက်နက်ကြီးထိမှန်မှုကြောင့် ဒီးမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် နေအိမ်ပေါင်း (၈) လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

ရှင်းလင်းခဲ့ရသည့် မြေမြှုပ်မိုင်းများ

အာဏာသိမ်းစစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း ၎င်းတို့ စခန်းချခဲ့သည့် နေရာများတွင် မြေမြှုပ်မိုင်းထောင်ခဲ့မှုများရှိသည့်အတွက် ပြည်သူ့ လုံခြုံ ကာကွယ်ရေးတပ်များက မိုင်းရှင်းလင်းရေးများကိုပါ လုပ်ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

ပုံအညွှန်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦးများ

#TachileikNewsAgency

Photo: KNDF