ကျောင်းလုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်သားတစ်ဦး၏ သေနတ်မှ ကျည်ထွက်၍ ကျောင်းသား မိခင်တစ်ဦး ကျည်ထိမှန်

ကျောင်းလုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်သားတစ်ဦး၏ သေနတ်မှ ကျည်ထွက်၍ ကျောင်းသား မိခင်တစ်ဦး ကျည်ထိမှန်

 ပဲခူးတိုင်းဒေသ၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ သက္ကလမြို့၏ အထက်တန်းကျောင်း၌ ယနေ့ ဧပြီလ(၆)ရက်နေ့ နံနက်(၁၀)နာရီခွဲက လုံခြုံရေးယူထားသည့် အာဏာသိမ်းစစ်‌ကောင်စီတပ်သားတစ်ဦး၏ သေနတ် ကျည်ထွက်ရာမှ ကျောင်းသားမိခင်တစ်ဦးကို ထိမှန်သွားကြောင်း ဒေသခံများက ပြောသည်။

ကျည်ထိမှန်သူ အမျိုးသမီးမှာ ၎င်းကျောင်း၌ ဆယ်တန်းစာမေးပွဲဖြေဆိုနေသော ကျောင်းသားကို လာစောင့်နေသည့် မိဘတစ်ဦးဖြစ်ပြီး လက်ရှိတွင် သက္ကလဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အသေးစိတ်အခြေအနေကို Tachileik News Agency အနေ ဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီမှ ပြုလုပ်နေသည့် ဆယ်တန်းစာမေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် အသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။