ပြည်တွင်း၌ နေထိုင်သူများ၏ နိုင်ငံခြားငွေဖြင့်ရရှိသည့် ဝင်ငွေများကို ပြည်တွင်းဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်၍ ကျပ်ငွေဖြင့်လဲလှယ်ရောင်းချရန်နှင့် ပြည်ပသို့ နိုင်ငံခြားငွေလွှဲပြောင်းရာတွင် အဆိုပါဘဏ်များမှ ဆောင်ရွက်ရန် အာဏာသိမ်းအဖွဲ့လက်အောက်ရှိ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြည်ပမှ မြန်မာနိုင်ငံတွင်း ပြန်လည်ပေးပို့သည့် နိုင်ငံခြားသုံးငွေများအား ကျပ်ငွေလဲလှယ်ခြင်းနှင့် ပြည်ပသို့ လွှဲပြောင်းခြင်းများအတွက် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖေါက်ကားခွင့်ပြုထားသည့်ဘဏ်များမှတစ်ဆင့် ဆောင်ရွက်ရမည်ဟု ညွှန်ကြားချက်ထုတ်လာခြင်းဖြစ်သည်။
အာဏာသိမ်းအဖွဲ့က ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၃) ရက်နေ့ကစ၍ ပို့ကုန်တင်ပို့သူများ၏ နိုင်ငံခြားသုံးငွေများကို ဘဏ်များသို့ မပျက်မကွက်ရောင်းချရမည်ဟု ညွန်ကြားချက် စတင်ထုတ်ကာ နိုင်ငံခြားသုံးငွေရရှိမှုအပေါ် စတင်တင်းကြပ်ခဲ့ခြင်းဖြစ်သည်။