ကသာမြို့နယ်တွင်း မှတ်တိုင်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခြေလျင်တပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

ကသာမြို့နယ်တွင်း မှတ်တိုင်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခြေလျင်တပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ခြေလျင်စစ် ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့မတ်လ(၃)ရက်၊ မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့ကြောင်း ကသာ PDF ထံမှ သိရသည်။

ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာ၊ တာဝါတိုင်အနီးတွင် မြို့လှမြို့မှ အင်အား (၇၀)ဝန်းကျင်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ် ကောင်စီတပ်ကို မြို့လှ PDF၊ ကသာ PDF၊ ကသာမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ-က-ဖ)တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး၏ ‌ခြေထောက်တွင် ထိခိုက်ဒါဏ်ရာအနည်းငယ်ရရှိသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။