မန္တလေးတွင် စစ်အုပ်စုပိုင် မြဝတီဘဏ်ရှိ ကင်းတဲဂိတ်ကို  တော်လှန်ရေးအဖွဲ့ (၆)ဖွဲ့ပေါင်းပြီး တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၁)ဦး သေသွား

မန္တလေးတွင် စစ်အုပ်စုပိုင် မြဝတီဘဏ်ရှိ ကင်းတဲဂိတ်ကို  တော်လှန်ရေးအဖွဲ့ (၆)ဖွဲ့ပေါင်းပြီး တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၁)ဦး သေသွား

 မန္တလေးတိုင်းအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်  အာဏာသိမ်းစစ်အုပ်စုပိုင် မြဝတီဘဏ်ရှိ ကင်းစောင့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ကင်းဂိတ်ကို ယနေ့ ဧပြီလ(၂)ရက်နေ့  ည(၇)နာရီဝန်းကျင်က ပစ်ခတ်ရာ စစ်ကောင်စီတပ်သား (၁)ဦးသေကြောင်း သိရသည်။

ရန်ကုန် - မန္တလေး လမ်းရှိ မြဝတီဘဏ်မှ စခ ကင်းအား ငရုတ်သီး (၈)တောင့်ကျွေးခဲ့ပြီး (၁) ကောင်မှာ ပြန်မထနိုင်တော့ နေရာတွင်ပင် အိပ်သွားပါတယ်။ Double cab 2 စီးနှင့် စခများရောက်လာသဖြင့် အိပ်သွားသော ခွေးတကောင်ထံမှ တောင်ဝှေး(၁)လက်အား မကောက်ယူနိုင်ခဲ့ပါ။ မဟာမိတ်ရဲဘော်များအားလုံးအထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါကြောင်း ကျနော်တို့ မန္တလေးမြို့ပြပျောက်ကျား မဟာမိတ်တပ်ပေါင်းစုမှ မင်္ဂလာသတင်းပါးအပ်ပါတယ်။

ဟု Phoenix အထူးပြောက်ကျားတပ်ဖွဲ့  က ဆိုသည်။

၎င်းတိုက်ခိုက်မှု အပြီးတွင် ကားနှစ်စီးဖြင့် အာဏာသိမ်းစစ်ကောင်စီ တပ်သားများ ရောက်ရှိလာသဖြင့် ပြန်လည်ဆုပ်ခွါခဲ့ရပြီး ယင်းတိုက်ခိုက်မှုကို မန္တလေးမြို့ပြပျောက်ကျား မဟာမိတ်တပ်ပေါင်းစုဖြစ်သည့် တော်လှန်ရေးတပ်ဖွဲ့(၆)ဖွဲ့က ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။