မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ၊ မြန်မာ့အာမခံရုံးနှင့် အခွန်ဦးစီးဌာနရုံးအား မတ်လ(၂၈)ရက်နေ့ နေ့လည်(၁)နာရီက ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာပစ္စည်းများအား ဖျက်စီးခြင်းနှင့် သိမ်းယူခြင်းများပြုလုပ်ခဲ့ကြောင်း Earthquake People's Defence Force (UG)က သတင်းထုတ်ပြန်ထားသည်။
ထို့နောက် ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနဲ့အတူရပ်တည်ရန်ပြောဆိုနေစဉ် ရုံးဝန်ထမ်းများမှ အာဏာသိမ်းစစ်ကောင်စီထံ ဖုန်းခေါ်ဆို တိုင်ကြားရန်ပြုလုပ်သဖြင့် ၎င်း၏ဖုန်းအား သိမ်းဆည်းခဲ့ရကြောင်း ထုတ်ပြန်သည်။
ဒါ့အပြင် ရုံးဝန်ထမ်းတစ်ဦးမှ အဖွဲ့သားတစ်ယောက်၏ လက်နက်အား လုယူပြီး ပြန်လည်ခုခံရန် ကြိုးစားသည့်အတွက် ဆုံးမပေးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
၎င်းရုံးများအား ဝင်ရောက်စီးနင်းခြင်းကို RSO (PKU) ၊ Young Force (UG) ၊ Earthquake people's defence force (UG)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။