ရွှေကူမြို့နယ်အတွင်းမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့်စာရေးများ ဇန်နဝါရီလ(၂၆)ရက်နေ့ နောက်ဆုံးထား နှုတ်ထွက်ရန် သတိပေး

ရွှေကူမြို့နယ်အတွင်းမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့်စာရေးများ ဇန်နဝါရီလ(၂၆)ရက်နေ့ နောက်ဆုံးထား နှုတ်ထွက်ရန် သတိပေး
ဇန်နဝါရီ 19, 2022 | အခြားဒေသများ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရွာပေါင်း(၆၃)ရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့ နောက်ဆုံးထား နှုတ်ထွက်ကြရန် ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းအပြင် ရွှေကူမြို့နယ်အတွင်း မန္တလေး - ဗန်းမော် ကားလမ်းမကို  ည (၆) နာရီမှ နံနက် (၅) နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် အာဏာသိမ်းတပ်၏ ယာဉ်များနှင့် အနီးကပ်သွားလာခြင်းမပြုကြရန်ကိုလည်း သတိပေးထားသည်ကို တွေ့ရသည်။

အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးဝန်ထမ်းများ အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားကို အထောက်အပံ့ မပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးခြင်းများ ထုတ်ပြန်နေခြင်း ဖြစ်သည်။

#TachileikNewsAgency