ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာတွင် နေအိမ်အလုံးရေ ၇၀ ကျော်ကို မီးရှို့သွားပြီး လူငယ်တစ်ဦးကို ပစ်သတ်

ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာတွင် နေအိမ်အလုံးရေ ၇၀ ကျော်ကို မီးရှို့သွားပြီး လူငယ်တစ်ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းနယ်မြေ (၁) တွင် အာဏာသိမ်း စစ်ကောင်စီတပ်က ဒေသခံများ၏နေအိမ် အလုံးရေ (၇၀) ကျော်ကို မီးရှို့ခဲ့ပြီး အရပ်သားလူငယ်တစ်ဦးကို ပစ်သတ်သွားကြောင်း  ကလေး PDF က သတင်းထုတ်ပြန်သည်။

ပစ်သတ်ခံရသူမှာ အသက်(၂၆) နှစ်အရွယ်ရှိ သားငယ်လေးဆိုသူဖြစ်ကြောင်း သိရသည်။

နတ်ချောင်းရွာကို မီးရှို့သွားသည့် အာဏာသိမ်းစစ်တပ်သည် အဆိုပါရွာမှတဆင့် အောင်ချမ်းသာရွာကို စစ်ကြောင်းနှစ်ခုခွဲကာ ဝင်ရောက်ပြီး ဒေသခံအိမ်(၂၁)လုံးကို ထပ်မံမီးရှို့ခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် အောင်ချမ်းသာရွာ  ဘုန်းတော်ကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင် ဒေသခံ (၂၀) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ခွေကြိမ်ရွာအရောက်တွင် (၁၉) ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

လက်ရှိဖမ်းဆီးခံထားရသူတစ်ဦးမှာ ဦးမြင့်ဦးဆိုသူဖြစ်ပြီး ယနေ့မတ်လ(၁၈)ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

#TachileikNewsAgency

Photo: L.D.F - KALAY