စေတုတ္တရာနှင့် ဆောမြို့နယ်ကြားတွင် စစ်ကောင်စီတပ်၏ ယာဉ်တစ်စီး မိုင်းဆွဲခံရ၍ သေဆုံးမှုများရှိ

စေတုတ္တရာနှင့် ဆောမြို့နယ်ကြားတွင် စစ်ကောင်စီတပ်၏ ယာဉ်တစ်စီး မိုင်းဆွဲခံရ၍ သေဆုံးမှုများရှိ

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်နှင့် ဆောမြို့နယ်ကြား ကြံစိမ့်ကျေးရွာမှ ညောင်ပင်ကျင်းကျေးရွာကြား လမ်းပိုင်းတွင် မတ်လ (၁၅)ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိများ အသုံးပြုသည့် အင်အား(၁၀)ဦးဝန်းကျင်ပါ 4 WD ကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းရှည် PDF က ယနေ့မတ်လ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မိုင်းဆွဲခံရသဖြင့် အဆိုပါကားမှာ ပျက်စီးသွားပြီး ကားပေါ်ပါ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား (၅)ဦးသေနိုင်ကြောင်း သိရသည်။

  

မိုင်းဆွဲခံရမှုကြောင့် နောက်(၁၀)မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က ကား(၃)စီးဖြင့် အင်အားဖြည့်တင်းလာသဖြင့် လောင်းရှည် PDF တပ်ဖွဲ့များ ဆုတ်ခွါခဲ့ရကြောင်း သိရသည်။

စစ်ကူလာသည်ကား (၃)စီးမှ ပျက်စီးသေဆုံး၊ ဒါဏ်ရာရများအား ကပစ ၂၅ သို့ သယ်ဆောင်သွားကြောင်း ထုတ်ပြန်ထားသည်။