အရာတော် AF2 က ကိုယ်တိုင်ထုတ် ရိုင်ဖယ်သေနတ်များပေါ်တွင် အလှူရှင်များ၏ အမည်ရေးထိုး ဂုဏ်ပြုပေးထား

အရာတော် AF2 က ကိုယ်တိုင်ထုတ် ရိုင်ဖယ်သေနတ်များပေါ်တွင် အလှူရှင်များ၏ အမည်ရေးထိုး ဂုဏ်ပြုပေးထား

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊  Ayadaw Falcon Force (AF2) က ကိုယ်တိုင်ထုတ် ရိုင်ဖယ်သေနတ်များအတွက် ကူညီ‌ထောက်ပံ့သော အလှူရှင်များ၏ အမည်များကို သေနတ်ဒင်များပေါ်တွင် ရေးထိုးဂုဏ်ပြုပေးထားကြောင်း ယနေ့ မတ်လ(၁၃)ရက်တွင် သတင်းထုတ်ပြန်လာသည်။

Ayadaw Falcon Force က ၅.၅၆ ကျည်သုံး တစ်တောင့်ထိုးရိုင်ဖယ် (Bolt Action Rifle)ကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီး အဆိုပါ ရိုင်ဖယ်တစ်လက်စာအတွက် တန်ဖိုးကျပ်(၅)သိန်းနှုန်းဖြင့် လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

ပြည်သူက တပ်ဆင်ပေးသော လက်နက်ဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုကာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရန် ဆန့်ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း AF2 က ထုတ်ပြန်သည်။