အကြမ်းဖက် စစ်ကောင်စီတပ်၏ ကားကြီး (၅)စီးနှင့် စစ်ရဟတ်ယာဉ် (၃) စီး  ကလေးမြို့ဘက်မှ တီးတိန်သို့ တက်သွား

အကြမ်းဖက် စစ်ကောင်စီတပ်၏ ကားကြီး (၅)စီးနှင့် စစ်ရဟတ်ယာဉ် (၃) စီး  ကလေးမြို့ဘက်မှ တီးတိန်သို့ တက်သွား
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အကြမ်းဖက် စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ကားကြီး (၅)စီးဖြင့် ချင်းပြည်နယ် တီးတိန်ဘက် တက်သွားပြီး စစ်ရဟတ်ယာဉ် (၃)စီးလည်း တီးတိန်ဘက် ပျံတက်သွားကြောင်း သိရသည်။

အဆိုပါ အာဏာသိမ်းတပ်နှင့်  မြို့ပေါ်ပြောက်ကျားအဖွဲ့တို့သည် ယမန်နေ့ညပိုင်းက ကလေးမြို့၊ တာဟန်းရပ်ကွက်၊ တာဟန်းဈေးအနောက်ဘက်လမ်းတွင် တိုက်ခိုက်မှုဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်စီတပ်သား(၂)ယောက်သေဆုံးကြောင်း သိရပြီး အာဏာသိမ်းတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် (၃) လုံး ထိမှန်သွားကြောင်း ကလေး PDF က ယနေ့ ဇန်နဝါရီလ(၁၇)ရက်တွင် ထုတ်ပြန်သည်။

ယင်းနောက် ယနေ့နံနက် (၁၀)နာရီဝန်းကျင်တွင် မြို့တွင်းမှ ကားကြီး (၅)စီးဖြင့် အာဏာသိမ်းတပ်ဖွဲ့ဝင်မျာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဘက်သို့ တက်သွားကြောင်း သိရသည်။

ယနေ့ နေ့လယ် (၁) နာရီ (၅) မိနစ်အချိန်တွင် ကလေးမြို့နှင့်အနီးဝန်းကျင်တွင် Mi 35 တစ်စီးပျံဝဲခဲ့ပြီးနောက် နောက်ထပ် (၂) စီး နှင့် ပေါင်း (၃) စီးသည် ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းဘက်သို့ တက်သွားကြောင်း သတင်းရရှိသည်။