စစ်တွေမြို့နယ်အတွင်း အာကျိတ်တော်သင်္ချိုင်းကုန်းအနီး နေထိုင်သည့် နေအိမ်(၂၀၀)ဝန်းကျင် ဖယ်ရှားခံရမှုနှင့် ပတ်သက်၍  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ  ပြည်နယ်စကစထံ တိုက်တွန်းစာထုတ်

 ပုံအညွှန်း - ဖယ်ရှားခံရသူများကို  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ သောက်ရေးဗူးကြီး တစ်ဗူးစီ လှူဒါန်းစဉ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း အာဂျိတ်တော်ကုန်း၊ သင်္ချိုင်းအနီးတဝိုက်တွင် နေထိုင်သည့် လူပေါင်း (၃၀၀)ကျော်၏ အိမ်ခြေ(၂၀၀)ဝန်းကျင်ကို အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံများက ဖယ်ရှားလိုက်ခြင်းနှင့်ပတ်သက်၍ ဖယ်ရှားခံပြည်သူများအတွက် ကောင်းမွန်သည့် အစီအမံများ ဆောင်ရွက်ပေးရန် အာဏာသိမ်းစစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီက မတ်လ(၁၄)ရက်နေ့ ရက်စွဲဖြင့် တိုက်တွန်းချက် ထုတ်ပြန်လာသည်။

"သက်ဆိုင်ရာအစိုးရ၏ စီမံကိန်းအရဖြစ်စေ၊ ဥပဒေအကြောင်းအရဖြစ်စေ၊ ကျူးကျော်နေထိုင်ကြသည်ဟု သတ်မှတ်ဖယ်ရှားသော်လည်း ၎င်းတို့ အသက်ရှင်နေထိုင်နိုင်ရေးအတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများ ကူညီပေးပါရန် နှင့် ဖယ်ရှားခံရသည့် မိသားစုများအတွက် ကောင်းမွန်သည့် အစီအမံများ ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်အစိုးရသို့ တိုက်တွန်းအပ်ပါသည်"ဟု တိုက်တွန်းချက်တွင် ဖော်ပြထားရှိသည်။

စစ်တွေတက္ကသိုလ်ကျောင်းရှေ့တွင် နေအိမ်ဖယ်ရှားခံရသည့် အမျိုးသမီးတစ်ဦးလည်း မိမိကိုယ်ကိုကိုယ် အဆုံးစီရင်သွားကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားရှိသည်။

 ပုံအညွှန်း - ဖယ်ရှားခံရသူများကို  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ သောက်ရေးဗူးကြီး တစ်ဗူးစီ လှူဒါန်းစဉ်

ဖယ်ရှားခံရသည့် ပြည်သူများထံ  မတ်လ(၁၀)ရက်နေ့က  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌ နှင့်အဖွဲ့က သွားရောက်ပြီး သောက်ရေဗူးကြီး တစ်ဗူးစီ သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ရခိုင်ပြည်လွတ်မြောက်ရေးပါတီ