မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း PDF-SAW နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး(၈၃)လုံးနှင့် မိုင်း(၄)လုံး ပေါက်ကွဲခဲ့ကာ စစ်ကောင် တပ်သားအနည်းဆုံး (၅)ဦးသေကြောင်း PDF-SAW က ယနေ့မတ်လ(၄) ရက်တွင် သတင်းထုတ်ပြန်လာသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးဘက်မှ ဆောမြို့ နယ်တွင်းသို့ ဝင်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို လောင်းရှည်နှင့် ဆောမြို့ကြားတွင် PDF-SAW နှင့် ညောင်ရမ်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ(၃)ရက်၊ ညနေပိုင်းကလည်း PDF-SAW နှင့် ညောင်ရမ်း မဟာမိတ်အဖွဲ့မှ လက်နက်ကြီး (၄)လုံးအပြင် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ(၄)ရက်နေ့ နံနက်ပိုင်းတွင် PD-SAW နှင့် ညောင်ရမ်း မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား(၅)ဦး သေပြီး ဒဏ်ရာရသူများပြားခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်များက ပြည်သူပိုင် ဆိုင်ကယ်နှစ်စီးနှင့် တဲအိမ် (၄)လုံးကို မီးရှို့ဖျက်ဆီးသွားပြီး သေဆုံးသွားသည့် အလောင်းများကို မြေမြှပ်ခဲ့ကြကြောင်း သိရသည်။