တောင်ကြီးမြို့ ရထားသံလမ်းအနီးရှိ ကင်းတဲဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

တောင်ကြီးမြို့ ရထားသံလမ်းအနီးရှိ ကင်းတဲဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရထားသံလမ်းအနီးရှိ ကင်းတဲကို တော်လှန်ရေးအဖွဲ့အစည်း တစ်ဖွဲ့က ယနေ့ မတ်လ(၂)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း သိရသည်။

ကင်းတဲဂိတ်ကို တော်လှန်ရေးအဖွဲ့အစည်း တစ်ဖွဲ့က လက်ပစ်ဗုံး (၂)လုံးဖြင့် ပစ်ပေါက် တိုက်ခိုက်သွားခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်မှု အခြေအနေကို မသိရသေးကြောင်း TGI Support Revolution ၏ ဖော်ပြထားချက်အရ သိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဧရာဝတီလမ်းဆုံ နှင့် အခြားနေရာများတွင်လည်း စစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ဆေးခံရသူများထံကနေ အရက်ဖိုး တောင်းခံမှုများရှိနေကြောင်းလည်း သိရသည်။