စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံအနီး မီးလောင်နေ

စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံအနီး မီးလောင်နေ

ရန်ကုန်တိုင်း ထောက်ကြန့်မြို့နယ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံအနီး၌ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၉)ရက်နေ့ ည(၇)နာရီဝန်းကျင် တွင် မီးလောင်နေကြောင်း သိရသည်။

စစ်အုပ်စုပိုင် မြန်မာဘီယာစက်ရုံနှင့် CP စက်ရုံအနီး ကိုင်းတော မီးလောင်နေပြီး လက်ရှိတွင် LV-1 မီးလောင်မှုဖြစ်ကြောင်း သိရသည်။

"မြန်မာဘီယာစက်ရုံနဲ့ကော အိမ်ခြေတွေနဲ့ကော အရမ်းနီးပါတယ်။ နယ်မြေခံဒေသခံတွေက အကူညီတောင်းခံလို့ လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့လည်း ထွက်သွားပြီ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်အုပ်စုပိုင် မြန်မာဘီယာကို တော်လှန်ရေးအင်အားစုများက Boycott ပြုလုပ်ရန် တောင်းဆိုထားပြီး‌ တော်လှန်ရေးတပ်များက အကြာခဏ တိုက်ခိုက်နေသည့် စက်ရုံဖြစ်သည်။

#TachileikNewsAgency