အင်းပေါင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ပြည်သူ့ရဲဘော်တစ်ဦးအတွက် ဈာပနအခမ်းအနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖေါ်

အင်းပေါင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ပြည်သူ့ရဲဘော်တစ်ဦးအတွက် ဈာပနအခမ်းအနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖေါ်
ဖေဖော်ဝါရီ 26, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အင်းပေါင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ပြည်သူ့ရဲဘော်တစ်ဦး၏  ဈာပနအခမ်းအနားကို ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့က ပြုလုပ်ရာ တက်ရောက်လာသူများက စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ကနီမြို့နယ်၊ ဝင်းမနားရဲစခန်းအနီးတွင် ဖေဖော်ဝါရီ (၅)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ချဲလေးအတွက် ဈာပနကို ဒေသတွင်းအခြေအနေအရ ယနေ့တွင် ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စျာပန အခမ်းအနားကို လာရောက်သည့် ပြည်သူများက ရဲဘော်ချဲလေးကို ဂုဏ်ပြုကြပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်ကာ ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်ကြောင်း သိရသည်။