သင်္ဃန်းကျွန်းမြို့ နယ်အတွင်း စစ်အုပ်စုပိုင် မြဝတီဘဏ်ရှိ အစောင့် တပ်သားများကို ဗုံးခွဲ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ

သင်္ဃန်းကျွန်းမြို့ နယ်အတွင်း စစ်အုပ်စုပိုင် မြဝတီဘဏ်ရှိ အစောင့် တပ်သားများကို ဗုံးခွဲ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ
ဖေဖော်ဝါရီ 19, 2022 | အခြားဒေသများ

 ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့ နယ်၊ လေးထောင့်ကန်လမ်း နှင့် သံသုမာလမ်းထောင့်ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ်လီမိတက် (သင်္ဃန်းကျွန်းဘဏ်ခွဲ) တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများကို ယနေ့ဖေဖော်ဝါရီလ(၁၉)ရက်၊ ညပိုင်းက ဗုံးခွဲတိုက်ခိုက်ရာ (၅)ဦးသေကာ နှစ်ဦးဒဏ်ရာရကြောင်း Yangon People Defence Force (Bahan)က ထုတ်ပြန်သည်။

ဗုံးကွဲသံကြားပြီးတော့ ပစ်ခတ်သံလည်း ကြားလိုက်တယ်။ ဖြစ်ပြီး မကြာဘူး။ စစ်ခွေးတွေ ရောက်လာပြီး ပိတ်ဆို့စစ်ဆေးတာတွေလုပ်တယ်။ အပြင်ထွက်ကြည့်လို့ မရတော့ အသေးစိတ်ကို မသိရဘူး။

ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ACPLF နှင့် Hmawbi Revolution Force တို့၏ ပူးပေါင်းကူညီမှုဖြင့် Yangon People Defence Force (Bahan)က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒါ့အပြင် မှော်ဘီမြို့၊ ဆပ်ပလိုင်း GE တပ် အရာရှိရိပ်သာကိုလည်း ယနေ့၊ ညပိုင်းတွင် ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။