ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း ဖေဖော်ဝါရီလ(၁၇)ရက်၊ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးသေကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲထံမှ သိရသည်။
ရေကြည် မှ သရက်မြောင်သို့ စစ်ကြောင်းတက်လာသည့် စစ်ကောင်စီတပ်ကို နတ်တလင်းမြို့ Phoenix DF(နတ်တလင်း PDF)က အကြမ်းဖက်စစ်ကောင်စီတပ်သား(၅)ဦးသေကြောင်း အတည်ပြုသည်ဟု ထုတ်ပြန်သည်။
မိုင်းဆွဲခံရသဖြင့် သေဆုံးသွားသည့် စစ်ကောင်စီ(၅)ဦးအနက် (၃)လောင်းကို ဆွဲယူသွားခဲ့ပြီး နှစ်လောင်းကို စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။