ယင်းမာပင်မြို့နယ်အတွင်း သာမဏေကျော်စာသင်တိုက်မှ စစ်ကောင်စီတပ်များကို လက်ခံထား၍ အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတိပေး

Photo: အမိမြေ - တော်လှန်ရေးတပ်ဖွဲ့
Photo: အမိမြေ - တော်လှန်ရေးတပ်ဖွဲ့
ယင်းမာပင်မြို့နယ်အတွင်း သာမဏေကျော်စာသင်တိုက်မှ စစ်ကောင်စီတပ်များကို လက်ခံထား၍ အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတိပေး
ဖေဖော်ဝါရီ 14, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးကုန်းအနီးရှိ သီတဂူချင်းတွင်း သာမဏေကျော်စာသင်တိုက်အား အကြမ်းဖက်စစ်ကောင်စီတပ်များကို လက်ခံနေသဖြင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ(၁၄)ရက်တွင် သတိပေးစာ ထုတ်ပြန်လိုက်သည်။

ဘာသာရေး အဆောက်အအုံအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ကင်းစခန်းအဖြစ် လက်ခံထားခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ စစ်ကြောင်းများ၏ စုရပ်၊ ဆုံရပ် အဖြစ်လည်းကောင်း၊ စစ်ကောင်စီတပ်များ၏ ယာယီ နားနေတည်းခိုရေး အဖြစ်လည်းကောင်း ဆက်လက်၍ လက်ခံဆောင်ရွက်ခြင်း မပြုလုပ်ရန် ထုတ်ပြန်လိုက်သည်။

အဆိုပါ အချက်များကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နောက်ဆုံးထား၍ မလိုက်နာပဲ စစ်ကောင်စီအလိုကျ ထောက်ခံ အားပေးလက်ခံ ဆောင်ရွက်နေပါက ဘာသာရေး အဆောက်အဦးအဖြစ်မှ စစ်ကောင်စီ၏ စစ်‌ကောင်စီတပ်စခန်းအဖြစ် သတ်မှတ်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။