အယောင်ဆောင် UG များအား စုံစမ်းအပြစ်ပေးမည်ဟု မြို့ပပျောက်ကျားများအဖွဲ့များက သတိပေး

အယောင်ဆောင် UG များအား စုံစမ်းအပြစ်ပေးမည်ဟု မြို့ပပျောက်ကျားများအဖွဲ့များက သတိပေး
ဖေဖော်ဝါရီ 7, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီသည် မြို့ပြပြောက်ကျားအဖွဲ့များနှင့် ပြည်သူများအား သွေးခွဲ ရန်တိုက်နေသဖြင့် အယောင်ဆောင် UG များအား စုံစမ်းအပြစ်ပေးမည်ဟု မြို့ပြပျောက်ကျားအဖွဲ့များက ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ထုတ်ပြန်သတိပေးသည်။

မြို့ပြပြောက်ကျားအဖွဲ့များမှ အယောင်ဆောင် UG များမှာ Monywa Special ဒိတ်ဒိတ်ကြဲနှင့် Monywa Red Fire တို့ ဖြစ်သည်ဟု သိရှိရသဖြင့် ဆက်လက်စုံစမ်း အပြစ်ပေးသွားမည်ဖြစ်ကြောင်း မုံရွာမြို့ပြောက်ကျားအဖွဲ့များမှ ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်ကို မုံရွာသံမဏိ၊ Monywa Heroes Group-MHG၊ Law Ka Net ၊ South Monywa၊ Monywa Nightking၊ Monywa The Boys၊ Redcod Revolution၊ ACF Monywa၊ Monywa Phoenix Warrior & Monywa Ninja တို့မှ ပူးတွဲထုတ်ပြန် ကြေညာခြင်းဖြစ်သည်။