အာဏာသိမ်းစစ်ကောင်စီ၏ နာမည်ကြီးသတင်းပေး အငြိမ်းစားဗိုလ်မှူးတစ်ဦး နေအိမ်တွင် ရှင်းလင်းခံရ

အာဏာသိမ်းစစ်ကောင်စီ၏ နာမည်ကြီးသတင်းပေး အငြိမ်းစားဗိုလ်မှူးတစ်ဦး နေအိမ်တွင် ရှင်းလင်းခံရ
ဖေဖော်ဝါရီ 3, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီ၏ နာမည်ကြီးသတင်းပေး အငြိမ်းစား ဗိုလ်မှူး တင်မောင်အေးကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိနေအိမ်တွင် မြို့ပြပျောက်ကြားတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့ ညနေပိုင်းအချိန်တွင် ဝင်ရောက်ရှင်းလင်းကြောင်း သိရသည်။

ကိုတင်မောင်အေးက  အာဏာသိမ်းပြီးကာစက ဆန္ဒပြလူထုကိုဖြိုခွင်းတဲ့ အကြမ်းဖက်စစ်သားတွေအနီးမှာကို တပူးတတွဲတွဲတွေ့နေရတာ။ နောက်တပ်ရဲ့ လက်ကိုင်တုတ် မျိုးချစ်တွေနဲ့ အတူတူ တန်ပြန်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်တယ်။ သူနဲ့က  တစ်ရပ်ကွက်လုံးနဲ့ မတည့်ပေမဲ့ မြောက်ဒဂုံက အုပ်ကြီးတွေအားလုံးကိုပိုင်တော့ ရပ်ကွက်က ဘာမှလုပ်မရဘူး

ဟု အဆိုပါ ဗိုလ်မှူး တင်မောင်အေးနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အငြိမ်းစားစစ်ဘက်အရာရှိတစ်ဦးက ဆိုသည်။ 

ဗိုလ်မှူး တင်မောင်အေးသည် ခလရ (၂၄၁) တွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ကို သတင်းပေးခြင်း၊ PDF များကိုခြေရာခံကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ သတင်းများပေးပို့ခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ တိုက်ရိုက်သတင်းပေးပို့ခြင်းများလုပ်နေသည့်အတွက် မြို့ပြ ပြောက်ကြားတပ်ဖွဲ့ဝင်များက ပစ်မှတ်ထား ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကျွန်တော်တို့ မြို့ပြပြောက်ကျားတွေက အကြမ်းဖက်စစ်တပ်လို မဲမဲမြင်ရာ အကုန်ပစ်တာမျိုး ဘယ်တော့မှမလုပ်ပါဘူး။ ဒီနေ့ ဗိုလ်မှူးတင်မောင်အေးကို ရှင်းလင်းရာမှာလည်း သူ့မိသားစုဝင်တွေကိုပါ တွေ့ရှိခဲ့ပေမယ့် သူ့တစ်ဦးထဲကိုပဲ ပစ်မှတ်ထားရှင်းလင်းခဲ့တာပါ။ မဆိုင်သူတွေ မထိစေဖို့ သေသေချာချာဂရုစိုက်ပါတယ်။ တဆက်ထဲသတိပေးလိုတာက ရန်ကုန်မြို့က အကြမ်းဖက်စစ်တပ်ထောက်တိုင် ဘယ်သူ့ကိုမဆို ဘယ်လို နေရာမှာမဆို ဝင်ရောက်ရှင်းလင်းနိုင်စွမ်း ကျွန်တော်တို့မှာ ရှိပါတယ်။ အကောင်းဆုံးက အကြမ်းဖက်စစ်တပ်နဲ့ ဝေးဝေးနေပါ၊ သတင်းပေးတာ ပူးပေါင်းပါဝင်တာ လုပ်ရင် ကျွန်တော်တို့က အဲဒီလူဟာ ဘယ်လိုနေရာမှာ နေသည်ဖြစ်စေ ရှာဖွေ ရှင်းလင်းနိုင်စွမ်းရှိတယ်ဆိုတာကိုသိထားဖို့လိုမယ်

ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက သတိပေးပြောကြားသည်။

မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များသည် မြောက်ဒဂုံမြို့နယ်အတွင်းရှိ အငြိမ်းစားဗိုလ်မှူ၏ခြံဝင်းတံခါးကို ဖျက်၍ နေအိမ်အတွင်း ဝင်ရောက်ကာ ၎င်းတစ်ဦးထဲကို ပစ်မှတ်ထား သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency