မုံရွာမြို့နယ်တွင်းမှ အရပ်သား လင်မယားနှစ်ဦးကို ပျူစောထီးများက လက်ပြန်ကြိုးတုပ်ဖမ်းဆီးပြီး အာဏာသိမ်းတပ်ထံ အပ်

မုံရွာမြို့နယ်တွင်းမှ အရပ်သား လင်မယားနှစ်ဦးကို ပျူစောထီးများက လက်ပြန်ကြိုးတုပ်ဖမ်းဆီးပြီး အာဏာသိမ်းတပ်ထံ အပ်
ဇန်နဝါရီ 19, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ တောပုကျေးရွာ အနောက်ပိုင်းမှ လင်မယားနှစ်ဦးကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်အောက်ခံ ပျူစောထီးအဖွဲ့က လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ အာဏာသိမ်းစစ်တပ်ထံ အပ်နှံလိုက်ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

တောပုရွာမှာ ကိုဇော်မျိုးနှင့် မသန္တာဝင်းတို့ လင်မယားနှစ်ဦးကို တောပုကျေးရွာပျူစောထီးအဖွဲ့များက လက်ပြန်ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံရွာရှိ အာဏာသိမ်းစစ်ကောင်စစီတပ်ထံ အပ်နှံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးများက ယနေ့ နံနက်ပိုင်းတွင် အဆိုပါလင်မယားထံမှ ဖုန်းကိုသိမ်းယူသွားပြီး‌နောက် ညနေပိုင်းတွင် လာရောက် ဖမ်းဆီးခြင်းဖြစ်ကာ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရကြောင်း သိရသည်။