Dawei Watch သတင်းဌာနမှ သတင်းသမား ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တသက်တစ်ကျွန်းနှင့် အနှစ် ၂၀ ချ

Dawei Watch သတင်းဌာနမှ သတင်းသမား ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တသက်တစ်ကျွန်းနှင့် အနှစ် ၂၀ ချ

Dawei Watch သတင်းဌာနမှ သတင်းသမား (၂)ဦးကို စစ်ကောင်စီက ထောင်ဒဏ် တသက်တစ်ကျွန်းနှင့် ထောင်ဒဏ် အနှစ်(၂၀) ချလိုက်ကြောင်း သိရသည်။ 

တနင်္သာရီတိုင်း မြိတ်မြို့ အခြေစိုက် သတင်းသမား (၂)ဦးဖြစ်သည့် ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦး တို့ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

ဖမ်းဆီးပြီးနောက် လက်ပ်တော့နှင့် ဖုန်းများကို သိမ်းဆည်းသွားခဲ့ပြီး စစ်ကြောရေးသို့ပို့ဆောင်ကာ (၄)ရက်ခန့် ရိုက်နှက်စစ်ဆေးပြီး မြိတ်အကျဥ်းထောင်သို့ ပို့ဆောင်သည်ဟု ဆိုသည်။ 

ထို့နောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ကိုအောင်ဆန်းဦးကို လည်းကောင်း၊ မေလတွင် ကိုမိုးမြင့်ဦးကိုလည်းကောင်း ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ဖမ်းဆီးပြီးနောက် စစ်ခုံရုံးက တိတ်တဆိတ် တရားစီရင်ပြီး ကိုမျိုးမြင့်ကို ထောင်ဒဏ်တသက်တစ်ကျွန်း နှင့် ကိုအောင်ဆန်းဦးကို ထောင်ဒဏ် အနှစ်(၂၀) မတရားအမိန့်ချလိုက်ကြောင်း သိရသည်။ 

မြိတ်မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်မဟုတ်သဖြင့် သတင်းသမားများကို ဥပဒေနှင့်အညီ ခုခံကာကွယ်ခွင့် ပေးရမည်ဖြစ်သော်လည်း တရားရုံးတွင် စစ်ဆေးခြင်းမရှိဘဲ မြိတ်ထောင်ရှိ စစ်ခုံရုံး ဥပဒေမဲ့ ထောင်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ထောင်ဒဏ်ချမှတ်ခံရသည့် အကြောင်းရင်းနှင့် ပုဒ်မအသေးစိတ်များကိုလည်း ထုတ်ပြန်ပြောဆိုခြင်းမရှိသည့်အပြင် မည်သို့သော လုပ်ငန်းစဥ်ဖြင့် တရားစီရင်ခဲ့သည်ကိုလည်း မေးမြန်းခွင့်မရခဲ့ဟု ဆိုသည်။

#TachileikNewsAgency