ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်စူမြို့နယ်တွင် မြန်မာလုပ်သားနှစ်ဦး ၂၀၂၅ ခုနှစ် မတ်လ (၂၄)ရက်နေ့ ည(၁၂)နာရီဝန်းကျင်တွင် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်သေဆုံးသွားသည်ဟု AAC မဟာမိတ်ထံမှ သိရသည်။
ဘန်စူမြို့နယ် ပါရချူလမ်းမကြီး လမ်းသွယ် ၃၇ အနီးရှိ ရေမြောင်းသန့်ရှင်းရေးဆင်းလုပ်သည့် မြန်မာအလုပ်သမား (၂)ဦးသည် မြေအောက်လှိုင်ဂူအတွင်း ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးမှာ ကိုလင်းနိုင် အသက် (၃၅)နှစ် နှင့် ကိုမင်းလွင်ဝင်း အသက်(၃၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းခွင်အတွင်း သေဆုံးသွားသဖြင့် ရသင့်ရထိုက်သည့် နစ်နာကြေးများရရှိရန် AAC မဟာမိတ်အဖွဲ့က ကူညီပေးမည်ဟု သိရသည်။
#TachileikNewsAgency
Photo:Hla Khaing