ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ လေးရက်ကြာ တိုက်ပွဲဖြစ်ပွား

ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ လေးရက်ကြာ တိုက်ပွဲဖြစ်ပွား

ပဲခူးတိုင်း သာယာဝတီခရိုင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဇွန်လ (၁၂) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့အထိ (၄) ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း သာယာဝတီခရိုင်တပ်ရင်း၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) YOMA GBK PDF အဖွဲ့မှ သတင်းထုတ်ပြန်သည်။

ပဲခူးရိုးမပေါ်သို့ ဇွန်လ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း စစ်ကြောင်းထိုးလာသည့် အင်အား (၉၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး (၂) ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စုစုပေါင်း ဇွန်လ (၁၂) ရက်နေ့မှ ဇွန်လ (၁၅) ရက်နေ့အထိ (၄) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၈) ဦးခန့် ကျဆုံးပြီး (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း YOMA GBK PDF အဖွဲ့မှ ဆိုသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း တပ်ရင်း (၃၈၀၁) တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး YOMA GBK ပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စခန်းတစ်ခုမှ တဲ (၃၂) လုံးခန့်အား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) YOMA GBK PDF၊ တပ်ခွဲ-(၂) (Phoenix PDF)၊ တပ်ခွဲ-(၄) (B R A)၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျား၊သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားအုတ်ဖို ၊ နတ်တလင်းမြို့နယ် ပကဖ ဧရာညီနောင်စစ်ကြောင်းနှင့် ၊ ပဲခူးခရိုင်တပ်ရင်း (၃၇၀၁) တပ်ခွဲ (၂) BTZM (GBK) PDF နှင့် ရိုးမညီနောင်မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့