ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၅၈၆ တပ်ရင်းကို ဒေသကာကွယ်ရေးအဖွဲ့များက တာဝေးပစ် Mortar ဖြင့်  (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်

Photo: Mon State Revolutionary Union - MSRU
Photo: Mon State Revolutionary Union - MSRU
ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၅၈၆ တပ်ရင်းကို ဒေသကာကွယ်ရေးအဖွဲ့များက တာဝေးပစ် Mortar ဖြင့်  (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအစည်းအရုံး (MSRU)မှ စမ်းသပ်ထုတ်လုပ်ထားသော တာဝေးပစ် Mortar ဖြင့် ရေးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၅၈၆)ခြေမြန်တပ်ရင်းအား ဇန်နဝါရီလ(၂၈)ရက်၊ ညနေပိုင်းက နှစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ယင်းနေ့ ည(၁၀)နာရီဝန်းကျင်တွင် ရန်ကုန် - ထားဝယ်  အာရှလမ်းမကြီးပေါ်သို့ မောင်းနှင်လာသော အမှတ်(၃၄၃)ခြေလျင်တပ်ရင်း၏ ကင်းလှည့် စစ်ကားတစ်စီးကိုလည်း MSRU နှင့် Ye Special Task Force (YSTF) ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း  MSRU က ယနေ့ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

ယင်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်မှုများနှင့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး MSRU နှင့် YSTF ပူးပေါင်းအဖွဲ့ မှ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်၏ အမှတ်(၃၄၃) ခြေလျင်တပ်ရင်းဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းအဖွဲ့မှ  ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု ထုတ်ပြန်ထားရှိသည်။