ချင်းပြည်နယ် ဟားခါးတွင် စစ်ကောင်စီ ပြည်နယ်ဝန်ကြီး ၂ ဦး တိုက်ခိုက်ခံရ

ချင်းပြည်နယ် ဟားခါးတွင် စစ်ကောင်စီ ပြည်နယ်ဝန်ကြီး ၂ ဦး တိုက်ခိုက်ခံရ

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးနှစ်ဦး ၂၀၂၄ခုနှစ် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ နံနက်ပိုင်း ကိုးနာရီခွဲဝန်းကျင်ခန့်တွင် ရသုံးမှန်းခြေငွေစာရင်းစီမံကိန်းနှင့် လူမှုဝန်ထမ်းဝန်ကြီး ဇနီးမောင်နှံ ၊ ယာဉ်မောင်းတစ်ဦးနှင့် လုံခြုံရေးအစောင့်နှစ်ဦးတို့ကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ဟားခါးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများ၏ အခြေအနေကို လက်ရှိအချိန်အထိ မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency