တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးသူရှိ

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးသူရှိ
စက်တင်ဘာ 1, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအနီး ဘန်ကြုပ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့က တိုက်ပွဲဖြစ်ကာ နှစ်ဘက်ကျဆုံးသူရှိခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ ခမရ(၅၆၁)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း(၂) တပ်ခွဲ(၁) နှင့် တနင်္သာရီမြို့နယ်(ပကဖ)တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမှာ (၁)နာရီကျော်ကြာခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ PDFတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံများ၊ ခရီးသူပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြရန်နှင့် စစ်ရေးအရှိန် မြင့်မားလာနိုင်သည်ဟုလည်း မြိတ်ခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency