တိတ်ဆိတ်သပိတ်နေ့တွင် အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံဂုဏ်ပြုပွဲ မိုင်ကယ်ကျော်မြင့်က လူ(၁၉၉)ဦးဖြင့် ပြုလုပ်ရန် စီစဉ်နေ

တိတ်ဆိတ်သပိတ်နေ့တွင် အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံဂုဏ်ပြုပွဲ မိုင်ကယ်ကျော်မြင့်က လူ(၁၉၉)ဦးဖြင့် ပြုလုပ်ရန် စီစဉ်နေ
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းမှု(၁)နှစ်ပြည့် ဂုဏ်ပြုထောက်ခံပွဲအဖြစ်  ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မိုင်ကယ်ကျော်မြင့် က ဦးဆောင်ပြီး လူဦးရေ (၁၉၉)ဦးဖြင့် လှည့်လည်ထောက်ခံပွဲပြုလုပ်ရန် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ထံ ခွင့်ပြုချက်တင်ထားပြီး ခွင့်ပြုချက်ပေးထားသည်ဟု သိရသည်။

အဆိုပါနေ့သည် ပြည်သူ့အာဏာဆုံးရှုံခြင်း နှင့် နိုင်ငံ့အာဏာသိမ်းခံရမှု (၁)နှစ်ပြည့်အဖြစ် စစ်အုပ်ချုပ်မှုကို လုံးဝ လက်မခံကြောင်း ပြည်သူများက နေအိမ်ပြင်ပ မထွက်ခြင်းအဖြစ် တိတ်ဆိတ်သပိတ်အား ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီ အထိ လုပ်ဆောင်ရန် ပြည်သူမှ ပြည်သူသို့ အသိပေးနှိုးဆော်ထားချိန်တွင် အကြမ်းဖက် စစ်တပ်ကို ထောက်ခံသူများက တိတ်ဆိတ်သပိတ်ကို ဖျက်ရန် နည်းလမ်းမျိုးစုံဖြင့် စီစဉ်နေကြခြင်း ဖြစ်သည်။

အလားတူပင် မန္တလေးမြို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ မန္တလေးမြို့တော်ဝန်က စက်ဘီးစီးပြိုင်ပွဲ ကျင်းပရန်လည်း စီစဉ်နေသည်။