ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အဦးနှင့် စေတီများကို စက်ယန္တရားကြီးများ အသုံးပြုကာ PDF က ရှာဖွေ ကယ်ဆယ် ကူညီပေးနေ 

ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အဦးနှင့် စေတီများကို စက်ယန္တရားကြီးများ အသုံးပြုကာ PDF က ရှာဖွေ ကယ်ဆယ် ကူညီပေးနေ 

စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင် ငလျင်ဘေးကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အဦးနှင့် စေတီများကို ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအဖြစ် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၇) PDF ရဲဘော်များက စက်ယန္တရားကြီးများ အသုံးပြုကာ ကူညီလုပ်ဆောင်ပေးနေကြောင်း သိရသည်။ 

ငလျင်ကြောင့် ပြိုကျသွားသည့် သာသနာ့ အဆောက်အအုံများ၊ စေတီပုထိုးများ၊ ဗိမာန်များနှင့် အိမ်များအား ဒေသခံ ပြည်သူများနှင့်အတူ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

ထိုဒေသတွင် စစ်ကောင်စီ၏ အကူအညီမရသဖြင့် တော်လှန်ရေးရဲဘော်များက သွားရောက်ကူညီပေးနေခြင်းဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: လက်ပံပွင့်ချိန်