ငလျင်ကြောင့် "S"ပုံစံ ဖြစ်သွားသည့်  တံတားအခြေအနေ အန္တရာယ်ရှိ၍  ဖြတ်သန်းသွားလာခွင့် ပိတ်ထား

ငလျင်ကြောင့် "S"ပုံစံ ဖြစ်သွားသည့်  တံတားအခြေအနေ အန္တရာယ်ရှိ၍  ဖြတ်သန်းသွားလာခွင့် ပိတ်ထား

နေပြည်တော်၊ ပျဉ်းမနားမြို့ ဘောဂဝတီရပ်ကွက်အတွင်း ဗိုလ်ချုပ်လမ်း နှင့် ရာဇဌာနီသွားရာ လမ်းအကြားတွင် ရှိသည့် ဘေလီသံဘောင် သစ်သားကြမ်းခင်း တံတားမှာ ငလျင််ဒဏ်ကြောင့် "S"ပုံစံ ဖြစ်သွားသော်လည်း သွားလာမှုများ ဆက်လက် ရှိနေဆဲဖြစ်၍ လက်ရှိ တံတား၏ အခြေအနေအရ အန္တရာယ်ရှိနိုင်သည့်အတွက်  တံတားပေါ်ကနေ ဖြတ်သန်းသွားလာမှုကို သက်ဆိုင်ရာများက ဧပြီလ(၃)ရက်နေ့ ညနေပိုင်းတွင် တားမြစ်ထားလိုက်ကြောင်း သိရသည်။

၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်သည့် ငလျင်ကြောင့် ဘေလီသံဘောင် သစ်သားကြမ်းခင်း တံတားမှာ "S" ပုံစံအဖြစ် သံဘောင်က အစ ပြောင်းလဲသွားသော်လည်း ဧပြီလ(၃)ရက်နေ့ နေ့လည်ပိုင်းအထိ ကားနှင့်ဆိုင်ကယ် အပါအဝင် လူအချို့ ဖြတ်သန်းသွားလာနေဆဲ ဖြစ်ကြောင်း သိရသည်။

တံတားပေါ်တွင် ကုန်နှင့်ယာဉ် (၆)တန်ထက် မပိုသော ယာဉ်များသာ ဖြတ်သန်းသွာလာခွင့်ရှိကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီက ငလျင်မလှုပ်မီက သတ်မှတ်ခဲ့သော်လည်း ယခုအခါမှာ ငလျင်ဒဏ်ခံလိုက်ရသည့် တံတားတွင် ပေါ်တွင် လုံးဝ ဖြတ်သန်း သွားလာခြင်း မပြုလုပ်ရန် အသိပေးထားခြင်း ဖြစ်ကြောင်းသိရသည်။