ရေဦးရဲစခန်းအား ရေဦး PDF မှ Fixed-Wing Drone (၂)စီးဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်

ရေဦးရဲစခန်းအား ရေဦး PDF မှ Fixed-Wing Drone (၂)စီးဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးခရိုင် ရေဦးမြို့ ရဲစခန်းအား Fixed-Wing Drone (၂)စီးဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ရေဦး PDF မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် ရေဦးရဲစခန်းအား ယနေ့ ဇူလိုင်လ (၄) ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း ရေဦး PDF မှ Fixed-Wing Drone (၂)စီးဖြင့် ဗုံးသီး (၇) လုံး ကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးသီးများကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF မှ ဆိုသည်။

ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ရေဦး PDF သည် ယမန်နေ့ ဇူလိုင်လ (၃)ရက်နေ့ကလည်း ရေဦးမြို့အနောက်ဘက်အထွက် ဂါဝီပန်းခြံအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Fixed-Wing Drone များဖြင့် ဗုံးသီး (၄)လုံး ပစ်ချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF