သမင်အင်းကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍  လူငယ်တစ်ဦး သေဆုံး 

သမင်အင်းကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်၍  လူငယ်တစ်ဦး သေဆုံး 

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အိမ်တစ်အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

ယင်းနေ့ နံနက်(၄)နာရီတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၈)ရက်နေ့ကလည်း စစ်ကောင်စီတပ်များသည် နံဇကျေးရွာအုပ်စုနှင့် ဗောဓိကွင်းကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာရာ ဒေသခံများ စစ်ဘေးရှောင်နေစဉ်အတွင်း ဒေသခံများ၏ နေအိမ်များအား မွှေနှောက်၍ ဆိုင်ကယ်၊ လူသုံးကုန်ပစ္စည်း၊ ပရိဘောဂများနှင့် လယ်ယာသုံးပစ္စည်းများအား ယူဆောင်သွားကြောင်းသိရသည်။

#TachileikNewsAgency