မကွေးတိုင်းအတွင်း နယ်မြေရှင်းရေးလင်းဝင်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့စစ်သည်တော်များက ဆီးကြိုတိုက်ခိုက်ရာမှ စစ်ကောင်စီတပ်ဘက်က (၉)ဦး သေ

ပုံအညွှန်း - ကျောင်းသားလက်ရုံးတပ်တော်၏ သင်တန်းဆင်းပွဲပုံများ [ Photo: ကျောင်းသားလက်ရုံးတပ်တော် ]

ဇန်နဝါရီ 24, 2022 | အခြားဒေသများ

မကွေးတိုင်းအတွင်း  နယ်မြေရှင်းလင်းရေးဝင်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ် အင်အား(၆၀)ဝန်းကျင်အား ပြည်သူ့စစ်သည်တော်များက ပြောက်ကျားနည်းဖြင့် ဆီးကြိုတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်က (၉)ဦး သေဆုံးပြီး အနီးဆုံးတပ်စွဲထားရာ ရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း  ကျောင်းသားလက်ရုံးတပ်တော်က သတင်းထုတ်ပြန်လာသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့ ညနေ့ပိုင်းတွင် မကွေးတိုင်းအတွင်း တောတွင်းတစ်နေရာသို့ နယ်မြေရှင်းလင်းရေးအဖြစ် ရောက်ရှိလာသည့် အာဏာသိမ်းစစ်တပ်၏ အင်အား(၆၀)ဝန်းကျင်ကို ကျောင်းသားလက်ရုံးတပ်တော်(SAF)က People's Revolution Alliance(PRA-Magway)၏ ပူးပေါင်းကူညီမှုဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က (၉)ဦးသေဆုံးပြီးနောက် ၎င်းတို့သည် အနီးဆုံးတပ်စွဲထားသည့် ရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း နှင့်  ပြည်သူ့စစ်သည်တော်များက ဘေးကင်းကြောင်း သိရသည်။

ပုံအညွှန်း - ကျောင်းသားလက်ရုံးတပ်တော်၏ သင်တန်းဆင်းပွဲပုံများ

TachileikNewsAgency

Photo: ကျောင်းသားလက်ရုံးတပ်တော်