စစ်ကိုင်တိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းရှိ သဒွတ်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ဇန်နဝါရီလ(၁၆)ရက် နံနက်ပိုင်းက ဝင်ရောက်မီးရှိခဲ့သဖြင့် နေအိမ် (၂၅)လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မြိုင် PDF က သတင်းထုတ်ပြန်ထားသည်။
ဒါ့အပြင် မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ပင်လယ်ကျေးရွာကိုလည်း ယနေ့မနက်တွင် ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီလ (၉)ရက်မှ စတင်ကာ မြိုင်မြို့နယ် နေရာအနှံအပြားအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန်အတွက် အင်အားအများအပြားသုံး၍ ကျေးရွာများအား ဝင်ရောက်ကာ ရှာဖွေ ဖမ်းဆီးခြင်း၊ လုယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီကြောင့် မြိုင်မြို့နယ်အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာအများစုမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။