မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို မတ်လ(၁)ရက်က (၂)ကြိမ်တိုက်ခိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း မြစ်ခြေ-ကျွန်းချောင်းပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
နံနက်(၈)နာရီက မြစ်ခြေ-စဘေ-ဆားကျင်း မြေနီလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကား(၃)စီးနှင့်အတူ မိုင်းရှာဖွေနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် မနက်(၁၀)နာရီတွင် တန့်ကြည့်တောင်ဘုရားကြီးဘက်မှ ပခုက္ကူ-ဆိတ်ဖြူလမ်းမကြီးပေါ်သို သွားလာနိုင်သည့် မုံတောင်လမ်းပိုင်းပေါ်တွင် သွားလာနေသည့် စစ်ကောင်စီ တပ်ကားနှစ်စီးကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီကားတစ်စီးပျက်စီးကာ တပ်သား(၁၀)ဦးသေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကြောင့် မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။