တောင်ငူတပ်နယ်မိသားစုက စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ထုတ်လုပ်နိုင်ရန် ထောက်ပံ့ငွေ ပေးပို့

တောင်ငူတပ်နယ်မိသားစုက စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ထုတ်လုပ်နိုင်ရန် ထောက်ပံ့ငွေ ပေးပို့
ဇန်နဝါရီ 3, 2022 | အခြားဒေသများ

 စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများမှ စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ ( People Soilders' Productiion Team ) ကို ထောက်ပံ့ငွေကျပ် (၃) သိန်း ပေးပို့ကြကြောင်း သိရသည်။

တောင်ငူတပ်နယ်မိသားစုက People Soldiers' Production Team ကို ထောက်ပံ့တာ ဆိုက်ဝါးမဟုတ်ပါဘူး။ တပ်ထဲကနေ ပုံစံမျိုးစုံနဲ့ ထောက်ပံ့ကြတာရှိပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ တော်လှန်ရေးမှာပါဝင်တာကိုတော့ ကျနော့်အနေနဲ့ အသိအမှတ်ပြုပါတယ်။ အခုထက်ပိုပြီး CDM လုပ်ကြရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ။

ဟု CDM ဗိုလ်ကြီး ညီသုတက ဆိုသည်။

တောင်ငူတပ်နယ်မိသားစုက ထောက်ပံ့ငွေအတွက် မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်ကို ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပေးသည်ကို တွေ့ရသည်။

ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်လက်အောက်မှထွက်၍ ပြည်သူနှင့်အတူ ရပ်တည်လာသည့် CDM စစ်သားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။