ဒေးပေါက်လမ်းဆုံတွင် စစ်ဆေးနေသည့် အာဏာသိမ်းစစ်တပ်က ငါတို့ တစ်ခုခုဖြစ်ရင် ရွာတွေကို ပြာဖြစ်အောင် လုပ်မယ်ဟု  ခြိမ်းခြောက်

ဒေးပေါက်လမ်းဆုံတွင် စစ်ဆေးနေသည့် အာဏာသိမ်းစစ်တပ်က ငါတို့ တစ်ခုခုဖြစ်ရင် ရွာတွေကို ပြာဖြစ်အောင် လုပ်မယ်ဟု  ခြိမ်းခြောက်
ဇန်နဝါရီ 2, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ခရမ်းမြို့ ဒေးပေါက်လမ်းဆုံတွင် စစ်ဆေးနေသည့် ကြမ်းဖက်စစ်ကောင်စီ တပ်သားများက ၎င်းတို့ တစ်ခုခုဖြစ်ပါက ရွာကို ပြာကျအောင်မီးရှို့မည်ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

"ဘာပြောလဲဆိုတော့ ဒေးပေါက်လမ်းဆုံမှာ ငါတို့တစ်ခုခုဖြစ်ရင် အနားက ကျေးရွာတွေကို ပြာဖြစ်အောင် လုပ်မယ်လို‌ပြောတယ်။"ဟု ဒေသခံတစ်ဦး၏ပြောကြားမှုကို ကိုးကားပြီး Khayan Channel ဖော်ပြထားရှိသည်။ 

ယင်းသို့ ခြိမ်းခြောက်ခြင်းကြောင့် အနီးရှိ ဆည်တော်ကွင်း၊ ချဉ်ပေါင်ခြံပိုင်းနှင့် ရွှေဘိုကျေးရွာမှ ဒေသခံများက စိုးရိမ်နေကြကြောင်း နှင့် ယမန်‌နေ့ကလည်း ခရမ်းမြို့၊ ကွမ်းလျားရှည်ကျေးရွာဘက်တွင် ည (၉)နာရီဝန်းကျင်က သေနတ်ပစ်သံ(၁၀) ချက်ထက်မနည်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။



ခရမ်းမြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၏ တစ်လတာကာလအတွင်း ဘုရားပျိုရဲစခန်း၊ အားကစားရုံ၊ ပညာရေးမှူးရုံး နှင့်  သစ်တောဂိတ်တို့ အပါအဝင် အခြားနေရာများတွင် ပေါက်ကွဲပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံးကာ (၁၆)ဦး ဒဏ်ရာရရှိပြီး သတင်းပေးဒလန်(၅)ဦး ပစ်ခတ်ခံရမှုတွင် (၂)ဦးသေဆုံးမှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။