မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အခြေချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အခြေချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အခြေချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF ထံမှ သိရသည်။

မြင်းခြံမြို့နယ် လေးရွာဆုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အခြေချနေသည့် အင်အား (၆၀)ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဇွန်လ (၂၅)ရက်နေ့ ညနေ (၄)နာရီခန့်တွင် မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း - NRDF ၏ Drone တပ်ဖွဲ့မှ Shar Htoo WOW နည်းပညာသုံး Fixed Wing Drone ဖြင့် (၁) ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး၊ လက်နက်ကြီး (၆၀) မမဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ (၄၀) မမဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး မြင်းခြံမြို့ပေါ်သို့ Faw ကားဖြင့် ပြန်လည်သယ်ယူသွားသည်ဟု သတင်းရရှိကြောင်း NRDF အဖွဲ့မှဆိုသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ မြင်းခြံမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency