မင်းတပ်မြို့ရှိ ခရစ်ယာန်ဓမ္မဆရာတစ်ဦးနှင့် သင်းထောက်လူကြီး(၃)ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

မင်းတပ်မြို့ရှိ ခရစ်ယာန်ဓမ္မဆရာတစ်ဦးနှင့် သင်းထောက်လူကြီး(၃)ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ခရစ်ယာန်ဓမ္မဆရာတစ်ဦးနှင့် သင်းထောက်လူကြီး (၃)ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းမရဖြစ်နေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် ခရစ်ယာန်ဘုရားကျောင်းရှိ စစ်ဘေးရှောင်စခန်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်များသည်ဟူသော အကြောင်းပြချက်ဖြင့် အရက်မူးနေသည့် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)မှ စစ်ကောင်စီတပ်သားများက အဆိုပါ (၃)ဦးကို ဇူလိုင်လ (၁၆)ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃)ဦးသည် စစ်ဘေးရှောင်များအား ကူညီပေးနေသူများဖြစ်ပြီး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မိသားစုဝင်များ၊ ဘာသာရေးခေါင်းဆောင်များက စုံစမ်းမေးမြန်းရာတွင် ၎င်းတို့ကို ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းနေသည်ဟု အကြောင်းပြန်ခဲ့ပြီးနောက် ဇူလိုင်လ (၂၆)ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံမေးမြန်းရာ ဖမ်းဆီးခံရသူများကို မသိကြောင်း၊ မရှိကြောင်းသာ တုန့်ပြန်ပြောဆိုခဲ့သဖြင့် မေးမြန်းနှိပ် စက်ရာတွင် သေဆုံးသွားကြသည်ဟု ယူဆရကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လူမဆန်စွာ အပြစ်မဲ့ ဘာသာရေးဓမ္မဆရာနှင့် သင်းထောက်လူကြီးများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ခြင်းကို ပြင်းထန်စွာ ရှုတ်ချပြီး မင်းတပ်မြို့ပေါရှိ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ဖက်ဆစ်သရုပ်မှန်ကို သိရှိနားလည်ပြီး အကြမ်းဖက် စစ်ကောင်စီအား အမြစ်ဖြတ် တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo :မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်သားများ (ပုံဟောင်း)