The Power of Revolution တော်လှန်ရေးစကားဝိုင်းအစီအစဉ် ထုတ်လွှင့်မည် 

The Power of Revolution တော်လှန်ရေးစကားဝိုင်းအစီအစဉ် ထုတ်လွှင့်မည် 
ဒီဇင်ဘာ 29, 2021 | အခြားဒေသများ

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ အာဏာရှင်၏ ပြည်သူအပေါ် အနိုင်ကျင့်ရက်စက်မှုများကြောင့် ခုခံတွန်းလှန်စစ်အသွင်ကူးပြောင်းလာခဲ့သည့် လက်ရှိနွေဦးတော်လှန်ရေးအခြေအနေနှင့် နိုင်ငံတကာရေးရာ တိုးတက်မှု အခြေအနေများကို ဆွေးနွေးတင်ဆက်သွားမည့် တော်လှန်ရေးစကားဝိုင်းကို ဒီဇင်ဘာလ (၃၀)ရက်နေ့ ည (၇)နာရီတွင် ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ စကားဝိုင်းကို  သံအမတ်ကြီး ဦးကျော်မိုးထွန်း ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာ လှလှစိုး ၊ အဆိုတော် လင်းလင်း ၊ သရုပ်ဆောင် ဒေါင်း တို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး Moderator အဖြစ် Captain Zero က ဆောင်ရွက်မည်ဖြစ်သည်။

စကားဝိုင်းအစီအစဉ်ကို ဒီဇင်ဘာလ (၃၀) ရက်နေ့ ည (၇) နာရီ တိတိအချိန်တွင် D day channel ၊ PVTV ၊ Mizzima , Mizzima TV ၊ Khit Thit media ၊ People’s Spring ၊ Thanlwin Times နှင့် Tachileik News Agency တို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ပါသည်။