နေပြည်တော် လက်ဖက်တောင်ရွာအနီး အာဏာသိမ်းစစ်တပ်၏ ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ကြောင်း နေပြည်တော် PDF ထုတ်ပြန်

နေပြည်တော် လက်ဖက်တောင်ရွာအနီး အာဏာသိမ်းစစ်တပ်၏ ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ကြောင်း နေပြည်တော် PDF ထုတ်ပြန်
ဒီဇင်ဘာ 21, 2021 | အခြားဒေသများ

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ လက်ဖက်တောင် (ဒေသအခေါ် နတ်ကြီးစင်တောင်)တွင် ယမန်နေ့က အာဏာသိမ်းစစ်တပ်၏ စစ်ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု နေပြည်တော် PDF က ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကား (၂)စီးမှာ ချောက်ထဲထိုးကျသွားပြီး အခြားကားတစ်စီးပေါ်မှ (၅) ဦးထက် မနည်းလည်း ဒဏ်ရာရသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ချောက်ထဲကျသွားသည့် ကားနှစ်စီးပေါ်တွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင် အနည်းဆုံး (၁၂) ဦးပါမည်ဟု ခန့်မှန်းကာ အားလုံးသေဆုံးနိုင်သည်ဟု ခန့်မှန်းထားသည်။